ပညာရပ်သင်ယူလေ့လာမှုများမရပ်တန့်စေရ

Suggest Us!

Scope Network of Professional Services ၏ LetsintKan CSR Program အဖြစ် အောက်ပါသင်တန်း (၂)ခုကို free-accessed-course များအဖြစ် လေ့လာသူတိုင်းအတွက် အကန့်အသတ်မရှိ ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။

လာမည့် ဒုတိယနှစ်ဝက်တွင်လည်း နောက်ထပ် online training (၂) ခုကို free-accessed-training အဖြစ် ထပ်မံပို့ချပေးသွားရန် စီစဉ်ဆောင်ရွက်နေပါသည်။

ထိုသို့ဖွင့်လှစ်သွားရာ၌ စီစဉ်သူတို့၏ စိတ်ကြိုက်တစ်မျိုးတည်းမဟုတ်ဘဲ၊ Society တွင် အမှန်တကယ်လိုအပ်နေသော သင်တန်းမျိုးများကို ဦးစားပေး ဖွင့်လှစ်သွားလိုပါသည်။ ထိုအတွက်ကြောင့် မိတ်ဆွေကို Interested Stakeholder တစ်ဦးအဖြစ် သတ်မှတ်၍ မည်သည့်သင်တန်မျိုး၊ မည်သည့်အကြောင်းအရာမျိုးများကို ဖွင့်လှစ်သင်ကြားပေးစေလိုသည်ကို အကြံပြု ပြော‌ကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

Thin-U Learning Platform တွင် သင်တန်းများကို တက်ရောက်နေကြသော Learner များသည် ကျွန်တော်တို့၏ Key Stakeholder များ ဖြစ်ကြပါသည်။ အဆိုပါ Key Stakeholder များ၏ တန်ဖိုးရှိသော အကြံပေးမှုများကိုလည်း စောင့်မျှော်လျက်ရှိပါကြောင်းကို အလေးအနက်ထား သတင်းစကားပါအပ်ပါသည်။

မိတ်ဆွေတို့ အကြံပြုပေးကြသည့် သင်တန်းများထဲမှ မည်သည့်သင်တန်းများကို ဖွင့်လှစ်မည်ဆိုသည်ကို ကျွန်တော်တို့ လက်ကိုင်ထားရှိသည့် “(၃)ချက်ဘုံဆိုင်“မူဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်ကြောင်းကိုလည်း ကြိုတင် အသိပေးအပ်ပါသည်။

Suggest Us!

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top