ပညာရပ်သင်ယူလေ့လာမှုများမရပ်တန့်စေရ

Blog

Learning Style

Thin-U Learning Platform ဟာ Online Course တွေ ပို့ချပေးတာဆိုပေမယ့် တစ်ယောက်ထဲလေ့လာပြီး instruction အတိုင်း လိုက်လုပ်ကြည့်၊ quiz တွေဖြေ၊ certificate ယူဆိုတဲ့ self-paced learning တစ်ခုတည်းကို သွားမှာမဟုတ်ပါဘူး။ Course တွေအလိုက် instructor နဲ့ online face-to-face တွေ့ဆုံပြီး မေးမြန်းဆွေး‌နွေးနိုင်အောင်၊ exclusive webinar တွေ၊ live technical session တွေ ‌တက်ရောက်နိုင်အောင်လည်း စီစဉ်ထားပေးပါတယ်။ Online Hybrid Learning နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့် Learner တွေအတွက် အလွန်ကောင်းမွန်တဲ့ သင်ယူလေ့လာစရာ virtual space တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် Online Hybrid ရဲ့ အားသာချက်တွေကတော့ ယခုကဲ့သို့ Learning […]

Congratulation to the First Grant Award Achiever

Congratulation ပါ မပန်းဖြူ။ Learning Platform သက်တမ်း (၂) လတာကာလတိုအတွင်းမှာ သင်တန်းတစ်ခုကို အောင်မြင်စွာ ပြီးဆုံးသူတစ်ဦး ထွက်ပေါ်လာခဲ့ပါပြီ။ သူဟာ GIS for Monitoring and Evaluation Course ကို Grade B+ နဲ့ ထူးထူးချွန်ချွန်ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်။ Thin-U Learning Platform က ကြိုတင်အသိပေးထားတဲ့အတိုင်း မပန်းဖြူကို Grant Award ပေးအပ်ခဲ့ပြီဖြစ်တာမို့လို့ နောက်ထပ် လေ့လာသင်ယူလိုတဲ့ course တစ်ခုခုကို (၇၅) ရာခိုင်နှုန်း သင်တန်းကြေး ကင်းလွတ်ခွင့်နှင့် ဆက်လက်တက်ရောက် သင်ယူလေ့လာနိုင်ပြီ ဖြစ်ပါတယ်။ အားထုတ်ကြိုးစားမှုအတွက် ရရှိလာတဲ့ အခွင့်အလမ်းကို အသုံးချပြီး ပညာရပ်တွေကို စဉ်ဆက်မပြတ် သင်ယူလေ့လာသွားမယ်လို့လည်း မျှော်လင့်ထားပါတယ်။

Who will be the 200th Learner?

၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက် ည (၉) နာရီ (၅၅) မိနစ်အချိန်အထိ၊ တစ်နည်းအားဖြင့် Learning Platform (၂) လတာသက်တမ်းတိုလေးအတွင်းမှာ registration ပြုလုပ်ကြသော Learner စုစုပေါင်း အယောက် (၁၆၀) တိတိရှိခဲ့ပြီဖြစ်ပါတယ်။ ဤနှုန်းအတိုင်းသာ ဆက်ရှိနေမည်ဆိုပါက နောက်ထပ်တစ်လအတွင်းတွင် Registration ပြုလုပ်သော Learner အရေအတွက်သည် (၂၀၀) ကျော်သွားနိုင်ရန် သေချာသလောက်ရှိပါတယ်။ ကျွန်တော်တို့ရင်ခုန်စွာနဲ့ စောင့်စားနေတာကတော့ အယောက် (၂၀၀) မြောက် Registration လုပ်မယ့်သူဟာ ဘယ်သူဖြစ်လာမလဲ၊ သူ Enroll လုပ်မည့် Course က ရော ဘာဖြစ်မလဲ ဆိုတာပါပဲ။ 200th Learner ကို Special Surprise တွေနဲ့ စောင့်မျှော်နေပါတယ်လို့ […]

Golden Learners

Thin-U Learning Platform အထူးအစဉ် – “Golden Learners” Platform Registration Fee 100,000 ကျပ် ပေးသွင်းရုံဖြင့် Learning Platform ရှိ Training Course များအားလုံးကို အကန့်အသတ်မရှိ လေ့လာသင်ယူခွင့်ရရှိမည့် မဟာအခွင့်အ‌‌ရေး စည်းကမ်းချက်များ – ၁။ Platform Registration အား July 31, 2023 နောက်ဆုံးထား ပြုလုပ်ရပါမည်။ ၂။ Course Enrollment များအား December 31, 2023 အထိ ဆောင်ရွက်နိုင်ပါသည်။ ၃။ လေ့လာသင်ယူမှုကာလမှာမူ အကန့်အသတ်မရှိပါ။ လက်ရှိတွင် Learning Platform ၌ လေ့လာသင်ယူနေသူ ဖြစ်ပါက User Level ကို Upgrade […]

Suggest Us!

Scope Network of Professional Services ၏ LetsintKan CSR Program အဖြစ် အောက်ပါသင်တန်း (၂)ခုကို free-accessed-course များအဖြစ် လေ့လာသူတိုင်းအတွက် အကန့်အသတ်မရှိ ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။ လာမည့် ဒုတိယနှစ်ဝက်တွင်လည်း နောက်ထပ် online training (၂) ခုကို free-accessed-training အဖြစ် ထပ်မံပို့ချပေးသွားရန် စီစဉ်ဆောင်ရွက်နေပါသည်။ ထိုသို့ဖွင့်လှစ်သွားရာ၌ စီစဉ်သူတို့၏ စိတ်ကြိုက်တစ်မျိုးတည်းမဟုတ်ဘဲ၊ Society တွင် အမှန်တကယ်လိုအပ်နေသော သင်တန်းမျိုးများကို ဦးစားပေး ဖွင့်လှစ်သွားလိုပါသည်။ ထိုအတွက်ကြောင့် မိတ်ဆွေကို Interested Stakeholder တစ်ဦးအဖြစ် သတ်မှတ်၍ မည်သည့်သင်တန်မျိုး၊ မည်သည့်အကြောင်းအရာမျိုးများကို ဖွင့်လှစ်သင်ကြားပေးစေလိုသည်ကို အကြံပြု ပြော‌ကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ ဤ Thin-U Learning Platform တွင် သင်တန်းများကို တက်ရောက်နေကြသော […]

Whom to Award

ကြိုးစားကြတဲ့သူတွေ၊ ထူးချွန်ကြတဲ့သူတွေကို အသိအမှတ်ပြု ချီးမြှင့်ပေးခြင်းဟာလည်း လောကနိတိ (Civic Rule) လို့ လက်ခံထားပါတယ်။ Online course တွေတက်ရောက်လေ့လာကြတဲ့အခါမှာ အစပိုင်းမှာ တက်ကြွကြပေမယ့်၊ အချိန်နည်းနည်းကြာလာရင် ပေါ့သွားတတ်ကြပါတယ်။ သေချာမလုပ်ကြတော့ပဲနဲ့ သင်တန်းပြီးအောင်သာ၊ certificate ရရုံသာ လုပ်တတ်ကြပါတယ်။ တစ်ချို့ဆိုရင် မလိုအပ်ပဲ အချိန်တွေအများကြီး ကြာသွားတာ၊ သင်တန်းမပြီးဆုံးတော့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်စခဲ့တဲ့ခရီးကို ကိုယ်ကိုတိုင်ပဲ ပြီးဆုံးတိုင်လျှောက်လှမ်းစေချင်ပါတယ်။ ပြီးဆုံးအောင်လျှောက်လှမ်းကြမယ့်သူတွေကိုလည်း အားပေးချီးမြှင့်ပေးဖို့ အစီအစဉ်တွေရှိပါတယ်။ လက်ရှိတက်နေတဲ့ သင်တန်းတစ်ခုခုကို ထူးချွန်စွာ ပြီးဆုံးပြီး certificate ရယူနိုင်တဲ့သူတွေကို နောက်ထပ်သင်တန်းတစ်ခုတက်ရောက်ဖို့အတွက် Grant Award တွေကို အောက်ပါအတိုင်း ပေးအပ်ချီးမြှင့်သွားမှာပါ။ (ကိုယ် ဘယ်လေက် Grade ရနေပြီဆိုတာကို Account အောက်က Gradebook မှာ ကြည့်နိုင်ကြပါတယ်။) […]

Primary Coupon

Thin-U Learning Platform ရဲ့ test run ကာလမှာပင် ယုံကြည်စိတ်ချစွာဖြင့် သင်တန်းကြေးအပြည့်နှင့် အပ်နှံခဲ့ကြသော ကျွန်တော်တို့ရဲ့ customer တစ်ယောက်ချင်းစီကို များစွာကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ နောက်ထပ်သင်တန်းတစ်ခုကို အခမဲ့တက်ရောက်ခွင့် ရရှိကြမှာပါ။ မိတ်ဆွေတို့ရဲ့ ယုံကြည်မှုအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်လည်စီစဉ်ပေးထားတဲ့ Promotion အစီအစဉ်ကို ကျေးဇူးပြု၍ လက်ခံပေးစေလိုပါတယ်။ နောက်များတွင်လည်း ကျန်ရှိသော customer များအတွက်လည်း အထူးအစီအစဉ်များအား အလျဉ်းသင့်သလို စီစဉ်ပေးသွာမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Scroll to top