ပံပိုးပေးနိုင်မည့်နည်းလမ်းများ
၁။ Thin-U Learning Platform သည် SCOPE Network of Professional Services ၏ Not-For-Profit စီမံကိန်းတစ်ခုဖြစ်ပါသည်။ Platform ပေါ်တွင် paid-course များသာမက free-access-course များကိုပါ ဖွင့်လှစ်သင်ကြားပေးနေပါသည်။
၂။ ယခုကဲ့သို့ Learning Platform တစ်ခုတည်ဆောက်ပြီး၊ ရေရှည်တွင် free-access-course များပို့ချပေးသွား နိုင်ရန်အတွက် များစွာအားထုတ်ရဦးမည်ဖြစ်ပါသည်။ ထို့အတွက် လူကြီးမင်းတို့၏ ပံ့ပိုးမှုများကို အလွန်လိုအပ်နေပါသည်။
၃။ လူကြီးမင်းအနေဖြင့် မျှဝေပါဝင်ရန် စိတ်ဝင်စားပါက အောက်ပါနည်းလမ်းများအတိုင်း ပံ့ပိုးပေးနိုင်ကြောင်းကို တင်ပြ အပ်ပါသည်။
(က) သာမန်ကြော်ငြာများ ထည့်သွင်းခြင်း
- ကြော်ငြာတစ်ခုအတွက် တစ်နှစ်စာကြော်ငြာခအား ကျပ် (၅၀၀၀၀၀) သတ်မှတ်ထားပါသည်။
- Landing page နှင့်အတူ အခြား Page များတွင်လည်းကောင်း၊ free-access-course တစ်ခုခု တွင်လည်းကောင်း ကြော်ငြာအားဖော်ပြပေးထားပြီး၊ မူလ website သို့မဟုတ် social media page တို့နှင့် link ချိတ်ပေးထားရပါမည်။
- 400-pixel x 250-pixel size design ကို အပြီးဆွဲသားပေးရပါမည်။
- တည်ဆဲဥပဒေများနှင့်မညီသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ အရက် ဆေးလိပ် ဘီယာစသော ကုန်ပစ္စည်းများ၊ လောင်းကစားဆန်သောလုပ်ငန်းများ၊ FDA ခွင့်ပြုချက်မရရှိထားသော ဆေးဝါး အစားအသောက်နှင့် အလှကုန် ပစ္စည်းများအား လက်ခံမည်မဟုတ်ပါ။
(ခ) CSR Activity အဖြစ် ဆောင်ရွက်ပေးခြင်း
- လူကြီးမင်းတို့၏ ကုမ္ပဏီ၊ အဖွဲ့အစည်း၏ Theme နှင့်ကိုက်ညီနိုင်မည့် Community ၏ Capacity Building အတွက် အထောက်အကူဖြစ်စေမည့် free-access-course တစ်ခုခုကို လက်ဆင့်ကမ်း (LatSintKan) မျှဝေ အစီအစဉ်အဖြင့် ရေးဆွဲဖွင့်လှစ်ပေးသွားပါမည်။
- ထိုသို့ပံ့ပိုးဆောင်ရွက်ပေးခြင်းကို CSR Activity တွင် ထည့်သွင်းဖော်ပြနိုင်ရန်အတွက် Evaluation Report ကို ရေးသားအစီရင်ခံပေးပါမည်။
- Course ၏ သက်တမ်းမှာ (၁) နှစ်ဖြစ်ပါသည်။
- Course material များနှင့် video backdrop များတွင် လူကြီးမင်းတို့၏ logo ကို LetSintKan logo နှင့် အတူ ထည့်သွင်းဖော်ပြပေးသွားပါမည်။ (အခြားမည်သည့် logo ကိုမှ ထည့်သွင်းဖော်ပြသွားမည် မဟုတ်ပါ။)
- SCOPE Network of Professional Services ၏ Collaborative Partner အဖြစ် main website တွင်လည်း ဖော်ပြပေးပါမည်။
- ကျသင့်မည့်ငွေကြေးပမာဏမှာ အခြေခံအားဖြင့် ကျပ် (၁၀၀၀၀၀၀) သတ်မှတ်ထားပြီး ဖွင့်လှစ်စေလိုသည့် သင်တန်းပေါ်မူတည်ပြီး အများဆုံး ကျပ် (၁၅၀၀၀၀၀) ထိ ဖြစ်နိုင်ပါသည်။
(ဂ) Corporate Training စီစဉ်ဆောင်ရွက်ခြင်း။
- လူကြီးမင်းတို့၏ ကုမ္ပဏီ၊ အဖွဲ့အစည်းအတွက် လိုအပ်သော Capacity Building ၊ Technical Development ၊ Knowledge Awareness သင်တန်းများကို အပ်နှံနိုင်ပါသည်။
- ထိုသင်တန်းတို့အတွက် ကောက်ခံမည့် သင်တန်းကြေး၏ (၂၀) ရာခိုင်နှုန်းကို Learning Platform developing နှင့် paid-course များအား သင်တန်းကြေးအနည်းဆုံးဖြင့် ပို့ချပေးနိုင်ရန်အတွက် အသုံးပြုသွားပါမည်။
၄။ အထက်ပါ အစီအစဉ်တစ်ခုခုဖြင့် ပံ့ပိုးပေးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအားလုံးကို သက်ဆိုင်ရာ တစ်နှစ်တာကာလ အတွက် Contributor Page တွင် A-to-Z အစဉ်လိုက်ဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
၅။ SCOPE Network ၏ CSR Program များအကြောင်းကိုလည်း ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
လူကြီးမင်းတိုနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ခွင့် ရရှိလိမ့်မည်ဟုလည်း မျှော်လင့်ထားပါသည်။
သင်တန်းတက်ရောက်ကြသူများအနေဖြင့်လည်း Course Review များရေးပေးခြင်း၊ Testimonial များ ရေးသားခြင်း၊ အခြားသူများသိရှိအောင် Social Media များတွင် share ပေးခြင်းအားဖြင့်လည်း ကျွန်တော်တို့၏ အားထုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြု ခွန်အားပေးစေလိုပါတယ်။
ကျေးဇူးအထူးတင်ရှိပါသည်။
ဆက်သွယ်ရန် –
Thein Soe
Initiative Person of SCOPE Network of Professional Services
Founder cum Principal Instructor (Thin-U Learning Platform)
theinsoe@scopemm.services
(95) 95084203, 9767009090
https://scopemm.services