ပညာရပ်သင်ယူလေ့လာမှုများမရပ်တန့်စေရ

FAQ


Thin-U မှာ နောက်ထပ်ဖွင့်မယ့် သင်တန်းတွေအ‌ကြောင်း ဘယ်လိုသိနိုင်မလဲ။

အပတ်စဉ် စနေနေ့မှာ registration လုပ်ထားကြတဲ့သူတွေဆီကို Email နဲ့ ဖြန့်ဝေပေးတဲ့ Thin-U e-Bulletin မှာ Course အသစ်တွေအကြောင်းပါပါတယ်။ e-Bulletin ကို subscribe လုပ်ထားဖို့ ပို့ပေးထားတဲ့ Email မှာတော့ confirmation လုပ်ထားဖို့ကို သတိပေးပါရစေ။


SCOPE Network က လစဉ်ကျင်းပနေတဲ့ Event တွေ အကြောင်း ကြိုတင်သိချင်လို့ပါ။

လစဉ် (၁၆) ရက်နေ့မှာ Email နဲ့ ဖြန့်ဝေပေးတဲ့ SCOPE e-Bulletin မှာ Course အသစ်တွေအကြောင်းပါပါတယ်။ e-Bulletin ကို subscribe လုပ်ထားလိုက်ရုံပါပဲ။

ဒါ့အပြင် SCOPE Network ရဲ့ Event page မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


GIS လို နည်းပညာရပ်ပိုင်းသင်တန်းတွေကို live မသင်တော့ဘူးလား။

တောက်လျှောက်ချည်း live သင်တာထက်စာရင် အခုလို hybrid ပုံစံနဲ့ သင်တာက ပိုထိရောက်နိုင်ပါတယ်။

ဒီလိုသင်တန်းတွေက learning-by-doing method နဲ့သွားရမှာလေ။ Online live နဲ့သွားတဲ့ဆီမှာ ရှင်းပြနေတာတွေကို နာထောင်ရတာ၊ သရုပ်ပြဆောင်ရွက်နေတာတွေကို မပြတ်ကြည့်နေရတာလေ။ တစ်ချိန်ထဲမှာ မှီအောင်လိုက်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ရှေ့က အတွေ့အကြုံတွေကို ပြန်သုံးသပ်ထားပြီး အခုသင်ကြားမယ့်ပုံစံက အသင့်လျှော်ဆုံးဖြစ်ပါတယ်။ ကိုယ်ပေးနိုင်တဲ့အချိန်တွေမှာ သင်ခန်းစာတွေကို သေချာလေ့လာ၊ video တွေကို ကြည့်လိုက်၊ ရပ်လိုက်၊ လိုက်လုပ်ကြည့်လိုက်၊ ဆက်လေ့လာလိုက် မှန်မှန်လေး သင်ယူလေ့လာသွားရုံပါပဲ။

လေ့လာသင်ယူနေရင်နဲ့ မေးစရာတွေ၊ ဆက်စပ်ဆွေးနွေးစရာတွေ ရှိလာရင်လည်း၊ Learn page ရဲ့ ဘယ်ဘက်အောက်ခြေက Questions button ကို click နှိပ်ပြီး၊ မေးခွန်းတွေ မေးထားလို့ရပါတယ်။ Course Instructor ကရော၊ တစ်ခြား Learner တွေကပါ ဝင်ရောက်ဖြေဆိုဆွေး‌နွေးပေးကြမှာဖြစ်လို့ Peer Learning ပါ တစ်ခါတည်း ရရှိသွားနိုင်ပါတယ်။

ဒီ platform ရဲ့ ထူးခြားချက်ကတော့ self-paced learning သတ်သတ်မဟုတ်ဘဲ၊ face-to-face မေးမြန်းဆွေးနွေးနိုင်တာပါပဲ။ Page တွေရဲ့ ညာဘက်အောက်ခြေက “Contact Us” button ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်နိုင်ပါတယ်။ အပတ်စဉ်ပုံမှန်စီစဉ်ပေးမယ့် Live Discussion Time တွေမှာ ပါဝင်ဆွေးနွေးလေ့လာနိုင်ပါတယ်။


Free Course တွေနဲ့ Paid Course တွေက ဘာတွေကွာတာလဲ။

သင်ယူလို့ရနိုင်မယ့် course content တွေကတော့ အတူတူပါပဲ။ free ပဲ ဖြစ်ဖြစ် paid ပဲဖြစ်ဖြစ် assignment တွေ တင်ရင်လည်း ပြန်လည်ဆွေး‌‌နွေးပေးမှာပါ။ Learning Platform မှာ ပါရှိတဲ့ contact chat ကနေလည်း ဆက်သွယ်လို့ ရကြပါတယ်။ Free Course တွေကတော့ certificate ရမှာမဟုတ်ပါဘူး။ Certificate လိုချင်ရင် Certificate Fee ပေးသွင်းပြီး ‌ရယူနိုင်ပါတယ်။

Paid course တွေမှာတော့ course အလိုက် Viber group ဖွဲ့ပေးထားပြီး မေးမြန်ဆွေးနွေးနိုင်ကြသလို၊ အပတ်စဉ်လည်း Live section တွေရှိမှာ ဖြစ်ပါတယ်။ သင်တန်းပြီးသွားတဲ့အခါ သတ်မှတ်ထားတဲ့ criteria တွေနဲ့ပြည့်စုံရင်လည်း Certificate ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်သင်တန်းတွေ ဆက်တက်ဖို့အတွက်လည်း Promotion Coupon တွေ ရရှိဦးမှာပါ။


Certificate အတွက်လိုအပ်တဲ့ criteria တွေက ဘာတွေလည်း။

များများစားစားမဟုတ်ပါဘူး။ (၂) ခုထဲပါ။

  1. MCQ Quiz များအားလုံး ဖြေဆိုအောင်မြင်ရပါမယ်။
  2. Course Assignment များ အားလုံးတင်ရပါမယ်။

Free Course တက်ပြီးတော့မှ Certificate ယူဖို့လိုလာရင်ရော။

Free scheme ဖြင့် တက်ရောက်သူတွေ အနေနဲ့ Certificate ယူမယ်ဆိုရင်တော့ ပုံမှန်သင်တန်းကြေးရဲ့ (၂၀) ရာခိုင်နှုန်း ကိုပေးသွင်းရမှာပါ။ Certificate အတွက် ကျသင့်ငွေကို အောက်ဖော်ပြပါအတိုင်း ပေးသွင်းနိုင်ပါတယ်။ Description မှာ သင်တန်းအမည်နှင့် သင်တန်းတက်ရောက်သူရဲ့ နာမည်ကို ရေးသားပေးရပါမယ်။

  • Wave Money Account (Name: Thein Soe, No. 095084203) no charges fee required
  • KBZ Pay (Name: Thein Soe, No. 095084203)
  • KBZ Account (Name: Aye Aye Maw, Account No. 07530199905332801)
  • CB Pay (Name: Thein Soe, No. 095084203)
  • CB Account (Name: Thein Soe, No. 0107-6005-0006-2952)
  • AYA Account (Name: Aye Aye Maw, Account No. 20024004572)

ငွေလွှဲထားတဲ့ အထောက်အထားအား theinsoe@scopemm.services  (သို့မဟုတ်) Viber No. 095084203 သို့ ပို့ပေးပေးပါ။

ပြီးရင် Certificate အတွက် လိုအပ်တဲ့ criteria တွေ ပြည့်စုံအောင် ဆောင်ရွက်ပေးသွားရမှာပါ။


သင်တန်းတက်ပြီးရင်ရော ချက်ခြင်းပြန်အသုံးချလို့ ရမှာလား။

သင်ယူလေ့လာရမယ့် ပုံစံက Online Hybrid Style နဲ့ Learning-by-Doing Method အတိုင်းသွားမှာပါ။ Quiz တွေနဲ့ လက်တွေ့ဆောင်ရွက်ရမယ့် Assignment တွေကို ဖြေဆိုအောင်မြင်ပြီးပါမှ Certificate ရမှာဆိုတော့ကာ အဲ့ဒီအတွက်ကတော့ စိုးရိမ်စရာ မလိုတော့ပါဘူး။

သင်တန်းပြီးသွားပေမယ့်လည်း လိုအပ်လာရင် အချိန်ကာလ အကန့်အသတ်မရှိ ဝင်ရောက်လေ့လာနိုင်သေးတယ်ဆိုတော့ကာ ဘာလိုသေးလို့လဲပေါ့နော်။


Scroll to top