Environment နဲ့ပတ်သက်တဲ့ issue တွေ concern တွေကိုလေ့လာတဲ့အခါ Science Current နဲ့ ချည်းကပ်လေ့လာမယ်ဆိုရင် methodology & method တွေ အရေးကြီးလာပါပြီ။ သက်ဆိုင်ရာ tool တွေကိုလည်း နားလည်ထားဖို့လိုပါတယ်။ အဲ့ဒီအတွက် ဒီသင်တန်းကို ပို့ချပေးနေတာပါ။
ဒီ Course မှာ Section (၃) ခုပါရှိပါတယ်။
Section 1: “Scientific Methods”
- Environmental Study မှာပဲဖြစ်ဖြစ်၊ Environmental Research မှာပဲဖြစ်ဖြစ် လေ့လာဆန်းစစ်ဖော်ထုတ်တဲ့နေရာမှာ အချက်အလက်နဲ့ သက်သေပြချက်တွေကို အခြေပြုကြရပါတယ်။
- ဒီ့အတွက် စနစ်တကျတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ဆောင်ရွက်ကြရပါတယ်။
- အသုံးများတဲ့၊ အသုံးတည့်တဲ့ scientific method တွေအကြောင်းကို ရှင်းလင်းပို့ချပေးသွားမှာပါ။
နမူနာသင်ခန်းစာ
Section 2: “Statistics and Models”
- အဲ့ဒီလို scientific method တွေသုံးပြီး လေ့လာဆန်းစစ်ဖော်ထုတ်တဲ့နေရာမှာ Statistical Analysis တွေ၊ Model တွေကို မဖြစ်မနေအသုံးပြုကြရမှာပါ။
- ကိုယ်က Environmental သမားသက်သက်သာဖြစ်ပြီး၊ အဲ့ဒီ statistics နဲ့ model တွေနဲ့ ဝေးနေရင်တောင်မှ အဲဒီနယ်ပယ်က ကျွမ်းကျင်သူတွေနဲ့အတူ လက်တွဲပြီး အလုပ်လုပ်နိုင်အောင်လို့တော့ သဘောတရားတွေ နားလည်းထားဖို့ လိုပါတယ်။
- Statistics နဲ့ Model တွေအကြောင်း ခြုံငုံသိရှိသွားအောင်လို့ ရှင်းလင်းပို့ချပေးသွားမှာပါ။
Section 3: “Making Informed Decisions”
- လေ့လာဆန်းစစ်မှုတွေ လုပ်ကြတယ်၊ အဖြေတွေ နည်းလမ်းအသစ်တွေ ရှာဖွေတွေ့ရှိကြတယ်။ အဲ့ဒါတွေက ဘယ်အတွက်လည်း၊ ဘာဆက်လုပ်ကြမှာလဲ။
- ဆုံးဖြန်ချက်ချမှတ်ရာမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့ လေ့လာသုတေသနပြုရကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေ ပံ့ပို့ပေးရပါမယ်။
- အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ဘယ်လိုချမှတ်ရသလဲဆိုတာကို နမူနာတစ်ခုနဲ့အတူ ရှင်းလင်းပို့ချပေးသွားမှာပါ။
Target Audience:
- Workplace Entry-Level
- Environmental Content Writer
- Master Candidate
- Fresh Graduate
- Undergraduate
Course contents are designed and modified based on Holt Environmental Science Textbook.
အထူးအစီအစဉ်
- Learning Platform စတင်ခြင်းအထိမ်းအမှတ်အဖြစ် Quantitative Statistical Data Analysis course ကိုတက်ရောက်သူများသည် ဤသင်တန်းကို အခမဲ့တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
- ယခင်က Environmental Science Certificate သင်တန်း အပတ်စဉ် (၃) ခုနှင့် ဤသင်တန်း အပတ်စဉ် (၂) ခုတွင် တက်ခဲ့ကြသူများသည် refresher course အနေ့နှင့် အခမဲ့ ပြန်တက်နိုင်ပါသည်။၂၀၂၃ ဧပြီမကုန်ခင် Registration ပြုလုပ်ရပါမည်။
Certificate Requirements:
- MCQ Quiz များအားလုံး ဖြေဆိုအောင်မြင်ရပါမည်။
- Course Assignment များ အားလုံးတင်ရပါမည်။
(မှတ်ချက်။ Paid scheme ဖြင့် တက်ရောက်မည့်သူများသာ အကျုံးဝင်ပါသည်။ Free scheme ဖြင့် တက်ရောက်သူများသည် certificate ရယူလိုပါက ပုံမှန်သင်တန်းကြေး၏ ၂၀ ရာခိုင်နှုန်းကို ပေးသွင်းရပါမည်။)
Request your certificate
Course Instructor:
1 user rating
yewin
2023-04-23T13:29:07+00:00
tool for enveromental studies
thein soe
Reply