သုတေသန (Research) နယ်ပယ်နဲ့ လေ့လာဆန်းစစ်မှု (Assessment) နယ်ပယ်တွေမှာ Statistics ကို မဖြစ်မနေ အသုံးပြုရမယ်ဆိုတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။ 5W1H method ထဲက What ကိုတည်ပြီးတော့ Who/Whom နဲ့ ဆက်စပ်ပြီး When, Why နဲ့ How ကို အဖြေရှာကြဖို့ လိုအပ်တာကြောင့်ပါ။
ဘယ်နေရာမှာလဲ Where ဆိုတာပါလာပြီဆိုရင်ရော။ ဘယ်နေရာမှာ ဘာတွေက ဘယ်တုန်းက ဘယ်လိုဖြစ်တာ ဘာကြောင်းလဲဆိုပြီး နေရာအလိုက် အဖြေရှာဖို့ ဆန်းစစ်ဖော်ထုတ်ဖို့ (explore) လိုလာပြီဆိုရင်ရော။
Place-based Solution တွေအတွက်ဆိုရင်တော့ Spatial Technique တွေ၊ အထူးသဖြင့် Spatial Statistics Technique တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ဖို့ လိုကို လိုအပ်လာပါပြီ။
Course contents:
- Spatial Statistics - Basic Concept
- Measuring Geographic Distributions
- Analysis Patterns
- Mapping Clusters
- Zonal Statistics
- Modeling Spatial Relationships
တက်ရောက်သင့်သူများ
- GIS Analysis များကို ထဲထဲဝင်ဝင်လေ့လာနေကြသူများ၊
- GIS နှင့် Statistics ကိုပေါင်းစပ်အသုံးချလိုသူများ၊
- Environmental Research and Assessment, Social and Public Health Studies နယ်ပယ်များတွင် spatial approach ဖြစ် ချည်းကပ်ဆောင်ရွက်ကြမည့်သူများ
လိုအပ်ချက်များ
- ArcMap software ကို အခြေခံအဆင့် ကိုင်တွယ်သုံးစွဲနိုင်ရမည်။
- Shapefile များနှင့် ၎င်းတို့၏ Attribute Table များကို အသုံးပြုနိုင်ရမည်။
- Vector Data Analysis ကို သိရှိနားလည်ပြီး အသုံးပြုနိုင်ရမည်။
Statistics နှင့်ပတ်သက်သည့် Basic Concept များကို ထည့်သွင်းသင်ကြားပေးသွားပါမည်။
ရည်ရွယ်ချက်
- Spatial Statistics ၏ သဘောတရာများနှင့် အသုံးပြုပုံများကို သေချာစွာ နာလည်သိရှိသွားစေရန်
- Spatial Statistic Tool များကို နည်းလမ်းတကျ ကျွမ်းကျင်စွာ အသုံးပြုသွားနိုင်စေရန်
- တွက်ချက်ရရှိသောမြေပုံများကို Cartography Rule များနှင့်အညီ မြေပုံပြင်ဆင်ထုတ်ယူတတ်စေရန်
Certificate Requirements:
- MCQ Quiz များအားလုံး ဖြေဆိုအောင်မြင်ရပါမည်။
- Course Assignment များ အားလုံးတင်ရပါမည်။
(မှတ်ချက်။ Paid scheme ဖြင့် တက်ရောက်မည့်သူများသာ အကျုံးဝင်ပါသည်။ Free scheme ဖြင့် တက်ရောက်သူများသည် certificate ရယူလိုပါက ပုံမှန်သင်တန်းကြေး၏ ၂၀ ရာခိုင်နှုန်းကို ပေးသွင်းရပါမည်။)
Request your certificate
Course Instructor:
1 user rating
yewin
2023-04-23T13:39:09+00:00
tool for enveromental
thein soe
Reply