သုတေသန (Research) နယ်ပယ်နဲ့ လေ့လာဆန်းစစ်မှု (Assessment) နယ်ပယ်တွေမှာ Statistics ကို မဖြစ်မနေ အသုံးပြုရမယ်ဆိုတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။ 5W1H method ထဲက What ကိုတည်ပြီးတော့ Who/Whom နဲ့ ဆက်စပ်ပြီး When, Why နဲ့ How ကို အဖြေရှာကြဖို့ လိုအပ်တာကြောင့်ပါ။
ဘယ်နေရာမှာလဲ Where ဆိုတာပါလာပြီဆိုရင်ရော။ ဘယ်နေရာမှာ ဘာတွေက ဘယ်တုန်းက ဘယ်လိုဖြစ်တာ ဘာကြောင်းလဲဆိုပြီး နေရာအလိုက် အဖြေရှာဖို့ ဆန်းစစ်ဖော်ထုတ်ဖို့ (explore) လိုလာပြီဆိုရင်ရော။
Place-based Solution တွေအတွက်ဆိုရင်တော့ Spatial Technique တွေ၊ အထူးသဖြင့် Spatial Statistics Technique တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ဖို့ လိုကို လိုအပ်လာပါပြီ။
Course contents:
တက်ရောက်သင့်သူများ
လိုအပ်ချက်များ
(Statistics အကြောင်းကို အခြေခံသဘောတရားများ သိရှိထားပါက ပိုမိုကောင်းမွန်ပါသည်။)
ရည်ရွယ်ချက်
Certificate Requirements:
Free scheme ဖြင့် တက်ရောက်သူများသည် certificate ရယူလိုပါက ပုံမှန်သင်တန်းကြေး၏ ၂၀ ရာခိုင်နှုန်း - ကျပ် (၈၀၀၀) ကို ပေးသွင်းရပါမည်။
Course Instructor:
တောက်လျှောက်ချည်း live သင်တာထက်စာရင် အခုလို hybrid ပုံစံနဲ့ သင်တာက ပိုထိရောက်နိုင်ပါတယ်။
ဒီလိုသင်တန်းတွေက learning-by-doing method နဲ့သွားရမှာလေ။ Online live နဲ့သွားတဲ့ဆီမှာ ရှင်းပြနေတာတွေကို နာထောင်ရတာ၊ သရုပ်ပြဆောင်ရွက်နေတာတွေကို မပြတ်ကြည့်နေရတာလေ။ တစ်ချိန်ထဲမှာ မှီအောင်လိုက်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ရှေ့က အတွေ့အကြုံတွေကို ပြန်သုံးသပ်ထားပြီး အခုသင်ကြားမယ့်ပုံစံက အသင့်လျှော်ဆုံးဖြစ်ပါတယ်။ ကိုယ်ပေးနိုင်တဲ့အချိန်တွေမှာ သင်ခန်းစာတွေကို သေချာလေ့လာ၊ video တွေကို ကြည့်လိုက်၊ ရပ်လိုက်၊ လိုက်လုပ်ကြည့်လိုက်၊ ဆက်လေ့လာလိုက် မှန်မှန်လေး သင်ယူလေ့လာသွားရုံပါပဲ။
လေ့လာသင်ယူနေရင်နဲ့ မေးစရာတွေ၊ ဆက်စပ်ဆွေးနွေးစရာတွေ ရှိလာရင်လည်း၊ Learn page ရဲ့ ဘယ်ဘက်အောက်ခြေက Questions button ကို click နှိပ်ပြီး၊ မေးခွန်းတွေ မေးထားလို့ရပါတယ်။ Course Instructor ကရော၊ တစ်ခြား Learner တွေကပါ ဝင်ရောက်ဖြေဆိုဆွေးနွေးပေးကြမှာဖြစ်လို့ Peer Learning ပါ တစ်ခါတည်း ရရှိသွားနိုင်ပါတယ်။
ဒီ platform ရဲ့ ထူးခြားချက်ကတော့ self-paced learning သတ်သတ်မဟုတ်ဘဲ၊ face-to-face မေးမြန်းဆွေးနွေးနိုင်တာပါပဲ။ Page တွေရဲ့ ညာဘက်အောက်ခြေက “Contact Us” button ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်နိုင်ပါတယ်။ အပတ်စဉ်ပုံမှန်စီစဉ်ပေးမယ့် Live Discussion Time တွေမှာ ပါဝင်ဆွေးနွေးလေ့လာနိုင်ပါတယ်။